Skip to main content
Submitted by lwinmaungmaung on
burning computer


 

Architecture အပိုင်းကို အမြဲအကျပ်ရိုက်ကြတယ်ထင်ပါရဲ့.. တစ်ခါတစ်လေ မေးလိုက်ရင် နည်းနည်းဆန်းတယ်။ ရှေ့ခြမ်းနောက်ခြမ်းခွဲတာနဲ့ တစ်ခုတည်းအကုန်ပါတဲ့ Laravel သုံးတာနဲ့ပေါ့။ Monolith vs Front-end Backend separate concern အကြောင်းက အမြဲမေးတယ်။ NodeJS သုံးလိုက်သင့်လား။ ရှေ့ခြမ်းကို React သုံးပြီး နောက်ခြမ်းကို Laravel နဲ့ကိုင်လိုက်သင့်လား အတော် ဝေခွဲမရဖြစ်ပုံပဲ။ ကျွန်တော်ကတော့ အဲဒီကိစ္စက programming language နဲ့မဆိုင်ဘူးလို့ မြင်တယ်။

 

 

ကျွန်တော့်ကို အဲဒီလိုမေးလာရင် ဖြေဖြစ်တာတစ်ခုက မြန်တာနှေးတာ အပထား ကိုယ်က ဘယ်လောက် target audience ရှိပြီလည်းဆိုတာကို အရင်တွေးကြည့်တယ်။ လူတိုင်းက Million User Website လိုချင်တာပဲ။ တကယ်တမ်းကျတော့ လူ ၁၀၀၀ လောက်ရဖို့တောင် တော်ရုံဆိုတာ သိပ်ဖြစ်နိုင်တာမဟုတ်ဘူး။ ဖြစ်ချင်တဲ့သူလည်း ဖြစ်မပေါ့။ မလွယ်တာကိုပြောတာ။ 

 

ဆိုတော့ မလိုအပ်ပဲ သန်း ၁၀၀ လောက်စာတွက်ထားပြီး ကို လူ ၁၀၀၀ လောက် မပြည့်တဲ့ဆိုက်တွေ ဒုနဲ့ဒေး။ အဲဒီတော့ ဘာမှ ဖြစ်ဖြစ်မြောက်မြောက်မဟုတ်သေးရင် monolith ကိုသာသွား။ ကိုယ်မှန်းထားတဲ့စာရင်းကို နောက်မှ ချရေး။ အရေးကြီးတာကို အရင်လုပ်သင့်တယ်ထင်တာပဲ။ သန်း ၁၀၀ လောက်ကို ရောက်ဖို့အတွက် လူ ၁၀၀၀ ကို စွဲဆောင်ထားနိုင်ဖို့လိုတယ်။ အဲဒီတော့ မလိုသေးတဲ့ separation of concern တွေ၊ Horizontal Scaling/Vertical Scaling တွေ အကုန်မေ့ထားလိုက်ခြင်းသည်သာ အကောင်းဆုံး။

 

Scaling နဲ့ပတ်သက်ပြီးတော့လည်း အရမ်းမစဉ်းစားစေချင်ဘူး။ ကျွန်တော်ကိုယ်တိုင် horizontal scaling နဲ့ Vertical Scaling ကို ပြိုင်လုပ်ဘူးလို့ပြောတာ။ အတော်များများက ထင်တာက လူ သန်းလောက် ဝုန်းခနဲဝင်လာမယ်ထင်တာ။ တွက်ရတာက ၂ခုပဲရှိတယ်။ တက်သွားရင် ထိန်းရမယ့်ပမာဏနဲ့ ကျသွားရင် ထိန်းရမယ့်ပမာဏ။ အဲဒီ ခုကို တွက်မထားပဲ တစ်ခုတည်း စဉ်းစားနေရင် လုပ်ငန်းမရပ်တည်နိုင်ဘူး။ လူ ၁၀၀၀ လောက်ချက်ချင်းရှိသွားတဲ့အချိန်မှာ စက် လုံးတည်းကနေ / လုံးခွဲသွားတာက ပြဿနာမရှိပေမယ့် အဲဒီ လူ ၁၀၀၀ ကနေ ကံမကောင်း အကြောင်းမလှလို့ လူ ၁၀၀ ကို ပြန်ဆင်းသွားတဲ့အချိန်မှာ အပေါ်က / လုံးကနေ လုံးတည်းကို ပြန်ဆင်းသွားနိုင်တဲ့ အင်အားရှိဖို့လိုတယ်။ အဲဒီတော့မှ long term survial ဖြစ်မှာ။ 

 

လူတိုင်းက အသစ်ကို လိုချင်တယ်။ အဲဒီအသစ်မှာ peak of consuming ဆိုတာရှိတယ်။ ဥပမာအားဖြင့် အိမ်မှာ မသောက်တာကြာတဲ့ နို့ဘူး တစ်ဘူး ကို ဝယ်ကြည့်လိုက်ရင် / ရက်လောက်က အဲဒီဘူး သောက်နှုန်း တအားတက်သွားတယ်။ တစ်ရက် လီတာ သောက်တာမျိုးပေါ့။ နောက်ပိုင်းရိုးသွားတဲ့အချိန်မှာ အဲဒီနို့ဘူးက ပတ်လောက်နဲ့ မကုန်တာမျိုးအထိဖြစ်လာတယ်။ အဲဒါက စီးပွားရေးမှာလည်းအတူတူပဲ။ 

 

အဲဒီအတွက်ကြောင့် ကြီးဖို့ချည်းပဲ စဉ်းစားနေတာထက် အရှည်လေးများ လုပ်ချင်ရင်တော့ ဖြစ်နိုင်တာကို အရင်လုပ်။ over engineering က ဘယ်ဟာမှမကောင်းဘူး။ မဇ္စျိမ ပဋိပဋာပဲ နှလုံးမူပါ။